Thursday, June 19, 2008

ငါးမျှားသူတွေအကြောင်း Hacker ထောင်ချောက်များ




သူငယ်ချင်းတွေဘဲဖြစ်ဖြစ်၊ ဧည့်သည်တော်တွေဘဲဖြစ်ဖြစ်ဒီတစ်ခါတင်ပြချင်တဲ့
အကြောင်းအရာလေးက ငါးမျှားခြင်းနဲ့ပုံတူတဲ့ထောင်ချောက်လေးအကြောင်းတင်ပြ
ပါ့မယ်။ Fishing ကို ပြင်ထားတယ်လို့ထင်ပါတယ်။ Phishing လို့ခေါ်တယ်။ အဲဒါ Hacker
တွေရဲ့ထောင်ချောက်တွေပါ၊ ရမ်းမ၀င်မိစေဖို့နည်းပညာအကြောင်းတစေ့တစောင်းပါ။
သူတို့က Phishing မှာ Website Phising နဲ့ Emailer Phishing ဆိုပြီးနှစ်မျိုးတွေ့ပါတယ်။
Email Phishing Trap ထဲဝင်မိသွားရင်ကျွန်တော်တို့ ရဲ့ mail username တွေနဲ့ password တွေ
သူတို့ထံကို automatic ရောက်သွားပါလိမ့်မယ်။ ဥပမာ ကျွန်တော့်ရဲ့ Webpage ထဲ
http://www.kocthu.bravehost.com ၀င်ကြည့်လိုက်ပါ။ Gmail login page နဲ့တစ်ပုံစံတည်းပါ။
username နဲ့password ထဲ့လိုက်တာနဲ့သူငယ်ချင်းတို့ရဲ့ data ကကျွန်တော့် email ထံရောက်လာမှာပါ။
ကျွန်တော်စမ်းသပ်တာတော့မအောင်မြင်သေးပါဘူး။ ဒါပေမယ့်ကြိုတင်သတိပေးချင်လို့ပါ။
ဒါ Hacker တွေရဲ့ Phishing technique ပါဘဲ။ အဲဒီတော့ Web တွေမှာ ရမ်းမ၀င်မိအောင်လို့ပါ။
မိမိရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေသူများဆီပါမသွားအောင်စေတနာနဲ့ပါ။
တစ်ခါတည်းကြိုတင်ပန်ကြားပါရစေ၊ကျွန်တော်ဆရာကြီးမဟုတ်ပါဘူးခင်ဗျာ၊ ကျွန်တော်သိသမျှလေး
ဝေငှပေးချင်တဲ့ဆန္ဒပါဘဲ။ အဆင်ပြေကြပါစေ။ အသေးစိတ်လေ့လာချင်ရင်တော့
http://www.hackforums.net/showthread.php?tid=12468 မှာလေ့လာလို့ရပါတယ်။