Wednesday, June 18, 2008

သီချင်းလေးညဉ်းကြည့်ရအောင်

Coming & Going, Rising & Falling ဒါတွေဟာ ဒုက္ခသစ္စာကြောင့်ဖြစ်တာပါဆိုတာရယ်၊
လူတွေရဲ့ချစ်ခြင်းမုန်းခြင်းကိုလုပ်ယူလို့မရဘူးဆိုတာရယ် ဓမ္မစေတီဆရာတော်အရှင်ကောသလ္လ
ရဲ့တရားတော်နာပြီးတဲ့နောက် ကျွန်တော့်ရင်ထဲကမီးငြိမ်းသွားခဲ့တယ်။ ဆရာတော်ကိုကျွန်တော်
အရမ်းကြည်ညိုတယ်။ ကျွန်တော်သူမကိုမေ့နိုင်ခဲ့တယ်။သူမှကိုယ့်ကိုမချစ်တာဘဲလေဆိုပြီးတော့ပေါ့လေ။ ကျွန်တော်တို့ Computer သမားစကားနဲ့ပြောရင် memory reset လုပ်နိုင်ခဲ့တယ်။ သို့မဟုတ် virus သတ်နိုင်ခဲ့တယ်ပေါ့။ ထားပါတော့လေ ဒါပေမယ့်ကျွန်တော့်ရဲ့
First appointment မို့လားမသိဘူး ကျွန်တော်မိုးညှင်းမှာအရမ်းပျော်ခဲ့တယ်။ principal ကအစပြုပြီးအပေါင်းအဖော်တွေ အားလုံးကို
သတိရနေတယ်။ မဖြစ်နိုင်တာပြန်တမ်းတချင်းကလည်း လူ့စရိုက်တစ်မျိုးလို့ဘဲထင်တယ်လေ။ နဘေးကပုံတွေကကျွန်တော်မိုးညှင်းဒီဂရီကောလိပ်
မှာတုန်းကပုံတွေပါ။ ပင်းဟဲရေအားလျှပ်စစ်၊ အင်းတော်ကြီးကန်၊ ဟိုပင်ဂလိုင်ချောင်ရေအားလျှပ်စစ်၊ မြစ်ဆုံ စသည်ဖြင့်အားလုံးကိုသတိရနေတယ်။
အခုတော့လားရှိုးတက္ကသိုလ်မှာပါ။ Nargis မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ပြည်သူတွေကိုလှူဒါန်းဖို့ဆရာတော်လားရှိုးလာတုန်းက တရားပွဲပေးသွားတယ်။
အဲဒီအကြောင်းအဓိကပြောချင်တာပါဘဲ။ ဆရာတော်သင်ပေးသွားတဲ့သီချင်းကလေးပါ။ လောကကြီးမှာကမောက်ကမတွေ၊ အဆင်မပြေတာတွေတွေ့ရင်
စိတ်ညစ်နေမယ့်အစားဒီသီချင်းလေးဆိုညဉ်းကြည့်လိုက်ပါတဲ့။ ဇာတ်လမ်းက ဟိုးအရင်ခေတ်ကာတွန်းဆရာကြီးဦးဘဂျမ်းခေတ်ကပါ။ ဆရာကြီးဦးဘဂျမ်းက သူ့မိတ်ဆွေ ဦးဟိန်စွမ်းဆိုတဲ့တရုတ်ကြီးသေတော့အသုဘလိုက်ပို့မလို့တဲ့။ ဒါပေမယ့် အသုဘထမ်းမယ့်သူတွေက ကုလားမဲတွေတဲ့၊ နောက်ပြီးတော့အင်္ဂလိပ်တီးဝိုင်းငှားတီးပြီးအသုဘချသွားတယ်တဲ.။ အဲဒါနဲ့ဆရာကြီးကအသုဘလိုက်မပို့တော့ဘဲ ပေးစမ်းကွာ စုတ်တံဆိုပြီးပန်းချီဆွဲထားတယ်ဆိုလားဘဲ။ ကြည့်ကြပါအုံး၊ သေတာကတရုတ်ကြီး၊ အခေါင်းထမ်းတာက ကုလားတွေ၊ တီးဝိုင်းကအင်္ဂလိပ်တီးဝိုင်း၊ ဘင်တွေခရာတွေနဲ့တဲ့၊ နောက်ပြီးတော့ဆိုတဲ့သီချင်းက တကယ့်ကိုချစ်သူတွေကြည်နူးကြောင်းရေးဖွဲ့ထားတဲ့သီချင်း၊ "ချိန်ခါဆည်းဆာမြစ်ဧရာပေါ်..... .. ပျံကာဝဲကာငှက်ရွှေစင်ယော်၊ တူမောင်မယ်ချစ်ကြဖို့အရေးတွေးဆကာဘဲမျှော်.. . . .လှိုင်းလေးတဖွေးဖွေးအေးတဲ့မြစ်အပေါ်ထင်ရာလည်းစိုင်းသနော် . . . . ရိုင်းတဲ့စင်ယော်" တဲ့ အဲဒီသီချင်းနဲ့နေ့လယ်နေပူကြီးထဲမသာချသွားတာ။ ဒုန်းဒုန်း ဂျိန်းဂျိန်းနဲ့တဲ့။ အာရုံထဲမြင်ကြည့်လိုက်ကြပေါ့ဗျာ၊ ဘယ်လောက်တောင် ကမောက်မကနိုင်ထားသလဲ၊ ဒါကြောင့်လောကကြီးမှာအဆင်မပြေတာတွေ၊ ကမောက်ကမကြည့်မကောင်းတဲ့မြင်ကွင်းတွေမြင်ခဲ့ရင်၊
စိတ်ညစ်မနေနဲ့ ဒီသီချင်းလေးညဉ်းလိုက်ကြပါနော်၊ ဘာတဲ့ "ချိန်ခါဆည်းဆာမြစ်ဧရာပေါ်"။ ခုခေတ်ညီငယ်ညီမငယ်တွေကတော့ဒီသီချင်းကိုသိကြပါ့မလားမသိဘူးနော်!