Tuesday, July 1, 2008

12045 ဟူသောအပိုင်းအစများ


ရက်ပေါင်း12045ရက်လူ့လောကထဲနေခဲ့ရပြီ။ Space shuttle
မလိုဘဲနေကို(၃၃)ပတ်လှည့်ပတ်နိုင်တာဝမ်းသာစရာပေါ့။
သိပ်ထူးလှတယ်တော့မဟုတ်ပါဘူး။ မိဘနှစ်ပါးအကြောင်းပြု
ပြီးကျွန်ုပ်လူဖြစ်ခဲ့တာပါ။ ဖြောင့်မတ်တဲ့အယူဝါဒရှိဖို့ရှင်တော်
မြတ်ဘုရားသွန်သင်ခဲ့တယ်။ ဒါကြောင့်မနက်စောစောထ။
ဘုရားဝတ်တက်၊ မိဘကန်တော့ ဒါလောက်ပါဘဲ။ လူ့လောက
ဆိုပေမယ့်တိရိစ္ဆာန်တွေကခပ်များများ။ လေကိုဝအောင်ရှူတယ်။
အောက်ဆီဂျင်ဗူးဝယ်ရှူစရာမလိုတာကိုက၀မ်းသာစရာတစ်ခုဘဲ။
ပန်းကလေးတွေကလေပြည်နုနုမှာယိမ်းနွဲ့လို့။ လောကကိုအလှ
ဆင်နေကြသည်။ ခင်ဝမ်းရဲ့နဒီမင်္ဂလာသီချင်းကကြည်နူးဖို့ကောင်း၏။
သက္ကရာဇ်တွေဟောင်းနွမ်းခဲ့၏။ စာမျက်နှာတွေဟောင်းနွမ်းခဲ့၏။
ဘ၀ကဟောင်းနွမ်းခဲ့၏။ အသိစိတ်တွေဟောင်းနွမ်းခဲ့၏။ပြက္ခဒိန်တွေ
ဟောင်းနွမ်းခဲ့၏။ နောက်ထပ်ဘယ်လောက်ဟောင်းနွမ်းဦးမည်မသိ
မသိနိုင်သောအရာကိုမသိလိုခြင်းကလည်းကောင်း၏။ ခွေးအ, များ
ကိုက်ခံရမည်ကိုမစိုးရိမ်ကြလေနှင့်။ အတ္တနှင့်ပရညီမျှပါစေ။ မနက်ခင်း
များဆက်လက်စိမ်းလန်းနေမည်ဖြစ်သလို၊ ပန်းကလေးများ၊ ငှက်ကလေး
များ၊ စမ်းချောင်းကလေးများ၊ တိမ်တိုက်များ၊ ကဗျာဆရာများ၊ စသည့်
များပေါင်းများစွာလောကကိုဆက်လက်အလှဆင်နေကြလိမ့်မည်။
အိုင်းစတိုင်း၏ နိုင်းရသီအိုရီကိုမသိသောကြောင့်ဝမ်းနည်းမနေပါနှင့်၊
အဘယ့်ကြောင့်ဆိုသော်ဗင်းဆင့်ဗန်းဂိုး၏နားရွက်တစ်ဖက်သည်
ဝက်သားတုတ်ထိုးလောက်စားကောင်းမည်မဟုတ်သောကြောင့်ဖြစ်၏။
ကျွန်ပ်၏ယူရေနီယမ်သန့်စင်ရေးနှင့်အနုမြူဓါတ်ပေါင်းဖိုပြုပြင်ရေး
လုပ်ငန်းသည်အလုပ်မဖြစ်သောကြောင့်ကျောင်းဆရာဝင်လုပ်ခဲ့ရ၏။
"ဘူတာရပ်စဉ်အသုံးမပြုရ"ဆိုသောစာတစ်ကြောင်းကိုသင်တို့မြင်ဘူး
ကြလိမ့်မည်။ မည်သည့်ဘူတာမှရွေ့လျားမနေပါ။ သင်၏အမြင်ကိုလည်း
ကျွန်ပ်မသိလိုပါ။ သင်သည်သင်ဖြစ်ပြီးကျွန်ပ်သည်ကျွန်ပ်ဖြစ်နေသော
ကြောင့်အယူဝါဒများတိုက်ဆိုင်နိုင်မည်မဟုတ်ပါ။ ဘ၀ဆိုတာထိပ်ဆိုင်
ထောင့်နှင့်သက်ဆိုင်သလိုကြက်တူရွေးတစ်ကောင်နှင့်လည်းသက်ဆိုင်
နိုင်သည်။ အဓိကနှင့်သာမညမသိသူများကိုအရေးလုပ်မနေပါနှင့်။
ကောင်းကင်ကိုplugထိုးပြီး ကျွန်ပ်Blog ထဲရောက်လာလျှင်လည်း မအံ
သြပါနှင့်၊ ထေရ၀ါဒတိုင်းပြည်ဖြစ်ပြီးလူတစ်ရပ်စာအရက်ပုလင်းကြီးများ
ဖြင့်အရက်ကြော်ငြာများ၊ လိင်စိတ်ကိုထကြွစေသောဘီယာကြော်ငြာများ
တွေ့လျှင်လည်းမအံ့သြပါနှင့်။ လိပ်များ၏ကန်စွန်းရွက်ညများဖြစ်ပါသည်။
Bloggerများအတောင်မညောင်းသရွေ့ဆက်ပျံသန်းကြပါ။ တိမ်တိုက်တွေ
ပေါ်နားကြပါ။ မာလာဟင်း၊ ကြွတ်ကြွတ်အိတ်၊ အလှူခံများပေါသည့်
မြေပြင်ပေါ်မှာရက်စက်ကြမ်းကြုတ်မှုတွေရှိ၏။ ကောက်ကျစ်မှုတွေရှိ၏။
သူရသတီကထေရ၀ါဒနှင့်ဘာမှမသက်ဆိုင်သလိုရိုးသားစွာတို့တတွေ
ဝေးခဲ့ကြတယ်ချစ်သူ။ To be avoided from love is suffering ဆိုတာ
ဒုက္ခသစ္စာတဲ့လား? သဘာဝဖြစ်စဉ်(natural phenomena)တွေကြားမှာ
လောကကိုအလှဆင်ဖို့ကျောင်းဆရာလုပ်ခဲ့တာ ငါ့ဘက်ကမမှားဘူး။
နွမ်းလျနေတဲ့ဘ၀ကိုနုပျိုစေဖို့ကတော့ ပစ္စာဇာတပစ္စယောကိုလေ့လာ
ရဦးမည်။ သေရမယ့်နေ့ကိုတွေးကြောက်မနေပါဘူး၊ သံသရာမှာကျင်
လည်နေသရွေပြန်ဆုံတွေ့နိုင်ကြတဲ့ Chance တွေက အများကြီး!
အများကြီးပါဘဲ . . . . .!
[၁-၇-၂၀၀၈မှာကျရောက်သောကျွန်ပ်၏(၃၃)နှစ်ပြည့်မွေးနေ့အမှတ်တရရေးဖွဲ့ခဲ့သည်၊ ဆန္ဒအိမ်(ကိုစည်သူ)]