Friday, April 25, 2008

ကျောင်းဆရာရဲ့မှော်စာအုပ်


ဂဏန်း၊ ပုတ်သင်၊ ကိုင်းပင်၊ လိပ်မျိုး၊ နွားသိုး၊ ခွေးအ ကြီးသူမကျင့်ရတဲ့။ မဃဒေ၀လင်္ကာလို့ထင်ပါတယ်။
ကြီးကျယ်မြင့်မြတ်တဲ့သူတွေဖြစ်ချင်ရင် ဒါတွေကိုရှောင်ကြပါခင်ဗျာ. . . .။ ကျွန်တော်ကတော့ဂဏန်းလေးတစ်ကောင်ဖြစ်ပါတယ်။ ကြီးကျယ်မြင့်မြတ်သိမ်မွေ့တဲ့သူမဟုတ်ဘူးပေါ့ဗျာ။ အဲဒီတော့ဘာဖြစ်သလဲသိလားဘာမှမဖြစ်ပါဘူး၊ နည်းနည်းမိုက်ရိုင်းတာကလွဲလို့ပေါ့လေ။ သည်းခံပေးကြပေါ့ဗျာ၊ သည်းမခံနိုင်လည်း ဂရုမစိုက်ပါဘူးဗျာ၊ ကိုယ်ယုံကြည်တဲ့လမ်းကိုယ်လျှောက်နေကြတာဘဲမဟုတ်လား။ အခု Blog ကိုစမ်းသပ်နေတုန်းရှိပါသေးတယ်။ စိတ်ဝင်စားရင်နောက်ဝင်ကြည့်ကြပေါ့ဗျာ။ ၀င်မကြည့်လည်းဘာမှမဖြစ်ပါဘူး။
Blog ဆိုတာကိုယ့်ခံစားချက်တွေဖော်ထုတ်ရေးသားတဲ့နေရာမဟုတ်လား၊ ကျွန်တော်ကတော့အဲဒီလိုထင်မိပါတယ်။ ဒါပေမယ့်ဗမာလိုတင်ခွင့်ရသွားတဲ့အတွက် ကိုမောင်လှတို့ကိုရန်အောင်တို့ကိုကျေးဇူးတင်ပါတယ်။ Blog ၀င်ကြည့် တဲ့သူတွေကိုလည်းကျေးဇူးတင်ပါတယ်။